Main menu

Background

Wednesday, 17 Jun 2015

    သဘာဝဘေးအန္တရာယ် ကျရောက် မှုအခြေအနေနှင့်    ပတ်သက်ပါက အိန္ဒိယနိုင်ငံကထိပ်ဆုံး ၁၀ နိုင်ငံစာရင်း တွင်ပါဝင်ကြောင်း  အာမခံအေဂျင်စီ တစ်ခုဖြစ်တဲ့Bajaj Allianz ရဲ့ပြောကြား ချက်ကို ကိုးကားပြီး Business Standard သတင်းမှာ   ဖော်ပြပါတယ်။   ဂျမူးနဲ့ ကက်ရှ်မီးယား ရေလွှမ်းမိုးမှု၊ ဥတ္တရခန်း မြေပြိုမှု၊ ဟွဒ်ဟွဒ်ဆိုင်ကလုန်း  စတဲ့ သဘာဝဘေး အန္တရာယ်တွေ မကြာခဏ ဖြစ်ပွားမှုကြောင့် အိန္ဒိယရဲ့ ရေလွှမ်းမိုးမှု အန္တရာယ်က  ထပ်မံတိုးပွားလာဦးမယ် လို့ အေဂျင်စီက ယုံကြည်ထားပါတယ်။

Thursday, 31 Jul 2014

 

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ (Look East Policy)ကို အိန္ဒိယအရှေ့ မြောက်ဒေသ ပြည်နယ်များရဲ့ လိုအပ် ချက်တွေ နဲ့ ပေါင်းစည်းပေးနိုင်ဖို့အတွက်အတိုင်ပင်ခံ ယန္တရားတစ်ခုကို အလျင် အမြန်ထူထောင်ဖို့ လိုအပ်နေကြောင်းအိန္ဒိယ အရှေ့မြောက်ေ ဒသ ကောင်စီအဖွဲ့ဝင် Bezbaruah ဇူလိုင်လ ၁၉ ရက်နေ့က ပြုလုပ်တဲ့အလုပ်ရုံ ဆွေးပွဲ မှာ ပြောကြား ခဲ့တယ် လို့ ဆော က် အေး ရှနယူးစ် သတင်းမှာ ဖော်ပြထား ပါတယ်။

Thursday, 31 Jul 2014

 

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်ပေါ်ခဲ့ရတဲ့ထိုင်းအသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများရဲ့ စိုးရိမ်မှုတွေ ဟာေ လျာ့ပါးစပြု လာပါပြီ။ ဒါပေမဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုစီမံခန့်ခွဲဖို့အတွက်ပူပန်နေရဆဲဖြစ်ပြီး အထူးသဖြင့်လုံလောက် တဲ့ ငွေ သားစီးဆင်းမှုရှိဖို့အတွက်စိုးရိမ်နေရကြောင်းTMB Bankုရဲ့သုတေသနဌာနခွဲတစ်ခုဖြစ်တဲ့TMB Analytics အကြီးအကဲ ဘင်ဂျေ ရာင်ဆုဝန်ကီရီရဲ့ ပြော ကြားချက်ကို သည်နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။

Thursday, 10 Jul 2014

 

ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုတွေနဲ့ ပြည်ပကပြန်လာသူတွေက ငွေ တွေပိုမိုဈေးယူလို့ရအောင် ဆောင်ရွက် ပေးဖို့ လူအင်အားဝန်ကြီးဌာနနဲ့ ရွှေ့ ပြောင်းလုပ်သားကာကွယ်ရေးအစိုးရ အေဂျင်စီတို့က ဘဏ်တွေကိုတိုက်တွန်း ထားကြောင်း ဂျာကာတာဂလုပ်သတင်း မှာဖော်ပြထားပါတယ်။

Thursday, 10 Jul 2014

 
ဝန်ကြီးချုပ်နရိန္ဒရာမိုဒီ စတင်တာဝန်ယူချိန်ကစပြီးငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေးကိုပထမဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့ပေ မယ့် နွေမုတ်သုန်မိုး ရွာသွန်းတာအားနည်းမယ့်အလားအလာနဲ့အီရတ်မှာ ၀ရုန်းသုန်းကား ဖြစ် တာတွေက အစားအစာေ ဈးနှုန်းနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မယ့် အန္တရာယ်ကို တိုးပွားလာစေခဲ့ကြောင်းNDTV၀က်ဘ်ဆိုက် သတင်း မှာ ဖော်ပြ ထားပါတယ်။ ပါလီမန်အစည်းအဝေးကိုပြန်လည်မကျင်းပမီသုံးရက်အလိုမှာအကျပ် အတည်း ကိစ္စကိုဆွေးနွေး ဖို့အတွက် ပြည် နယ် စား နပ် ရိက္ခာဝန်ကြီးအားလုံးကို ဇူလိုင် ၄ ရက်မှာ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Friday, 30 May 2014

 
လွတ်လပ်တဲ့စီးပွားရေးဇုန်ကို ၀င်ရောက်ရာမှာ တည်ရှိနေတဲ့ အတားအဆီးတွေကို တောင်ကိုရီးယားနိုင်ငံက လျှော့ ချပေးပြီးအကျိုးအမြတ်ကိုပြန်လည်ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့စည်းမျဉ်းကိုဖယ်ရှားပေးခဲ့ကြောင်းကုန်သွယ်ရေးဝန်ကြီးဌာန က မေ ၁၉  ရက် ကပြောပါတယ်။စီးပွားရေးဇုန်လုပ်ငန်းအော်ပရေတာတွေနဲ့ ပဋိဥာဏ်စာချုပ်ချုပ်ဆိုပြီး တောင်ကိုရီးယားရဲ့

Tuesday, 18 Mar 2014

အစိုးရကမြေရောင်းထားတဲ့ လုပ် ငန်းခွင် တင်ဒါအစိတ်အပိုင်းအချို့ အတွက် ကြိုတင်ပုံသွင်းပစ္စည်း တွေ ဖြစ်တဲ့ Prefabricated ,Pre-finished Volumetic Construction သို့မဟုတ် PPVC တွေနဲ့ ထုတ်လုပ် မှုစွမ်းအား မြင့်တက်စေမဲ့ နည်းပညာတွေကို ယခု နှစ်ပထမနှစ်ဝက်မှစပြီးအသုံး ချသွား မှာဖြစ်တယ်လို့ စီအင်အီးဝက်ဘ်ဆိုက် သတင်းမှာဖော်ပြထားပါတယ်။

Monday, 24 Feb 2014

အိမ်ခြံမြေလုပ်ငန်းမှာ ထိန်းချုပ်မှု တွေဆောင်ရွက်ခဲ့ပြီးနောက် အိမ်ခြံမြေ ဆောက်လုပ်သူတွေ အရောင်းကျသွား တဲ့အတွက် စင်ကာပူရဲ့ဇန်န၀ါရီ အိမ် ခြံမြေအရောင်းက ၂၀၀၉ ခုနှစ် နောက်ပိုင်း တိုးတက်မှု အနှေးကွေးဆုံး ဖြစ်ခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ တွေ့ရပါတယ်။ အိမ်ရောင်းချမှုက လွန်ခဲ့တဲ့တစ် နှစ်အလားတူက ၂၀၂၈ ခုရှိခဲ့ရာမှ ၇၂ ရာခိုင်နှုန်းကျဆင်းပြီး ယခုနှစ်မှာ ၅၆၅ ခုရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်တဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အာ ဏာပိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါ တယ်။ ဇန်န၀ါရီမှာရောင်းချရတဲ့ အိမ် အရေအတွက်က ၂၀၀၉ ခုနှစ် ဇန်န၀ါရီ နောက်ပိုင်းအနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ ထို စဉ်ကရောင်းချရတဲ့အရေအတွက်က ၁၀၈ လုံးသာရှိခဲ့တာကို ကောက်ယူရရှိ ထားတဲ့ အချက်အလက်တွေအရ သိရ ပါတယ်။

Pages