Background
ပဲစင်းငုံနီ မန်းဈေးကွက်သို့အဝင်ပုံမှန်ရှိပြီး ရန်ကုန်ဝယ်လက်အဝယ်သွက်လို့ ယခင်အပတ်နဲ့စာရင်ဈေးသိသာစွာမြင့်လာကာ နေ့စဉ်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ မတ်ပဲကို ပဲခွဲစက်လုပ်ငန်းရှင်များက အရည် အသွေးမကြိုက်လို့ ဈေးလျှော့ဝယ်ယူမှုတွေရှိခဲ့တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ သိရပါတယ်။ ပဲခွဲစက်လုပ်ငန်းရှင်များက ကုလားပဲဖြူလုံးကြီးကို အဝယ်အသင့်အတင့်ရှိပေမယ့် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။
မတ်ပဲ RCကို ဝယ်ရောင်းကုန်သည်ကြီးအချို့နဲ့ ပြည်ပကို တင်ပို့သောကုန်သည်အချို့ကအစပိုင်းမှာတစ်တန်ကို ၈၁၅ဝဝဝ ကျပ်ဈေးနဲ့ အဝယ်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဝယ်ရောင်း ကုန်သည် အချို့ကဈေးပေးအဝယ်ရှိခဲ့လို့ တစ်တန်ကို ၈၆၅ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ RCကို ပြည်ပတင်ပို့ ရန်ဝယ်ယူသူများ အဝယ်လိုက်လာလို့ ဈေးအတက်အကျနဲ့ တစ်ပတ်အတွင်း ၆၇၃ တန် ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မတ်ပဲ RC ကို သိုလှောင်ထားတဲ့ကုန်သည်အချို့ဈေးဖွင့် အရောင်းရှိပေမယ့် ပြည်တွင်းဝယ်ရောင်းကုန်သည်များက အစပိုင်းမှာ တစ်တန်ကို ၈၇၅ဝဝဝ ကျပ်နဲ့ ဈေးပေးအဝယ်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဝယ်ရောင်းကုန်သည်အချို့က မတ်ပဲဈေးကျမှာကိုစိုးရိမ်ပြီး ဝယ်ယူမှု နည်းခဲ့တာကြောင့် မတ်ပဲ RCကသိသာစွာ ဈေးကျလာ တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရောင်းဝယ်မှုပမာဏကတော့ တစ်ပတ် အတွင်း မတ်ပဲ RC ၉၄၅တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
ဒေသထွက် အာလူးကတော့ ဈေးကွက်သို့ အဝင်နည်းပြီး တစ်ပိဿာကို ၆၀၀ိ/-နဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၂၀၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်း ကတော့ အရောင်းအဝယ် အေးနေကြောင်း ဒေသခံ ကုန်သည်များက ပြောပါတယ်။
ရန်ကုန်သို့ တင်ပို့မည့်သူများက ကုလားပဲဖြူလုံးကြီးကို အဝယ်ရှိသော်လည်း လှောင်လက်များ အရောင်းထိန်းထားတာကြောင့် အိတ်အနည်းငယ်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံက ရန်ကုန်အတွက် ဝယ်ယူသူများဝယ်အား ရှိပေမယ့် ဈေးကွက်မှာ လက်ကျန်မရှိသလောက်ဖြစ် နေတာကြောင့် အရောင်းအဝယ်နည်းခဲ့ကြောင်း သိရပါတယ်။
ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အတွက် ဝယ်ယူသူများနဲ့ မန္တလေး မြို့ပေါ်လှောင်လက်များ အဝယ်ရှိတာကြောင့် တစ်ပိဿာကို ၈၄ရိ/-နဲ့ တစ်ပတ်အတွင်းအိတ် ၁၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း ကတော့ ရန်ကုန် တင်ပို့မည့်ကုန်သည်များ အဝယ်ရှိ၍ တစ်ပိဿာကို ၁၁၉၁ိ/-နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြောင်းကိုတော့ တရုတ်တင်ပို့မည့် ဝယ်လက်များ အဝယ် သွက်လာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၇၀ိ/-နဲ့ နေ့စဉ် အိတ် ၁၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ပြောပါတယ်။
ပြောင်းကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေသည့် ကုန်သည်ကြီးများ ပုံမှန်အဝယ်ရှိတာကြောင့် ဈေးမြင့်လာပြီး ပိဿာချိန် ၁၀၀၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ကိုလည်း တရုတ်ပြည်တင်ပို့ဖို့ အဝယ်ရှိတာကြောင့် တစ်ပတ် အတွင်းပိဿာချိန် ၁၅၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
မတ်ပဲက ဈေးကွက်သို့အဝင်နည်း ပေမယ့် ပဲခွဲစက်လုပ်ငန်းရှင်များ နဲ့ မြို့ပေါ် လက်လီဝယ်လက်များ အဝယ်ပုံမှန်ရှိကြောင်း သိရပါတယ်။ ပဲတီစိမ်းကို ရန်ကုန်နဲ့ မန္တလေး အတွက် ဝယ်ယူသူများ အရည်အသွေးအလိုက် အဝယ် ရှိကြောင်း မြို့ခံကုန်သည်များက ပြောပါတယ်။
ယခုအပတ်တွင် ပြောင်းဈေးမှာ မြင့်လာပြီး ကျန်ပစ္စည်းဈေးများမှာ အနည်းငယ်ကျလျက်ရှိကြောင်း သိရှိရပါတယ်။
ကုလားပဲဖြူလုံးကြီးကို ရန်ကုန် အတွက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများ ပုံမှန်အဝယ်ရှိသော်လည်း ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံကတော့ ပစ္စည်းလက်ကျန် နည်းပါးပေမယ့် မြို့ပေါ်ဝယ်လက် တချို့ အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ ခန့် သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။