Main menu

Background

Wednesday, 22 Mar 2017

     ၂၀၁၇ အေအက်ဖ်စီဖလား အုပ်စု (စ)တွင် ပါဝင်နေသည့်  မြန်မာနေရှင် နယ်လိဂ်ကလပ် မကွေးအက်ဖ်စီအသင်း အနေဖြင့် မတ် ၁၄ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့်   ဘွန်ခတ်အန်ကော် အက်ဖ်စီအသင်းနှင့် အဝေးကွင်းပွဲစဉ် တွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေး အတွက် မျှော်လင့်ချက်နည်းသွားခဲ့ပြီ ဖြစ်သည်။

Thursday, 18 Jun 2015

မြန်မာယူ-၂၀ အသင်းအား ကမ္ဘာ့ ဖလားယူ-၂၀ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိစေခဲ့ပြီး မြန်မာကို ကမ္ဘာက တအံ့ တသြဖြင့် သိမြင်ခွင့်ရရှိအောင် အကောင်း ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၏ နည်းပြ ဂျာမနီနိုင်ငံသား မစ္စတာဂတ်ဆီဇီကို ယခုရရှိသည့် လစာ ထက် ခြောက်ဆပိုပေး၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်ျးသခခနမာပညောမေ တွင် ဖော်ပြထားချက်အရ သိရသည်။
နည်းပြချုပ် မစ္စတာဂတ်၏ လက်ရှိ လစာငွေကို   မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က  တရားဝင်ဖော်ပြထားခြင်းမရှိသော် လည်း နီးစပ်သည့်  အသိုင်းအ၀ိုင်းကမူ အမေရိကန်ဒေါ်လာတစ်သောင်းရရှိသည် ဟု ဆိုသည်။

Thursday, 18 Jun 2015

   မြန်မာယူ-၂၀အသင်း၏  အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ငြိမ်းချမ်းအောင်သည် နယူးဇီလန်နိုင်ငံတွင် ကျင်းပ သည့်ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ခန်းပြုလုပ်စဉ် ရရှိခဲ့သည့်ဒူးအရွတ် ဒဏ်ရာ မှာ ပြန် လည် ကောင်းမွန်လာခြင်း မရှိသည့်အတွက် နှစ်လခန့် ထပ်မံအနားယူရဦးမည်ဖြစ် ကြောင်းသိရသည်။ ငြိမ်းချမ်းအောင်သည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏အဓိကပွဲထွက်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဒူးအရွတ်ဒဏ်ရာကြောင့် အုပ်စုပွဲစဉ်သုံးပွဲစလုံးတွင် ပါဝင်ခွင့်မရရှိခဲ့ပေ။

Thursday, 18 Jun 2015

 (၂၈)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို စင်ကာပူ နိုင်ငံတွင် ဆက်လက်ကျင်းပလျက် ရှိရာမြန်မာအသင်းသည် ရွှေ ၁၁ ခု၊ ငွေ ၂၂ ခု၊ ကြေး ၂၅ ခုဖြင့် အဆင့် ခုနစ်နေရာတွင်သာ   ရပ်တည်နေ ကြောင်း သိရသည်။
အိမ်ရှင် စင်ကာပူနိုင်ငံက ရွှေ တံဆိပ် ၆၆ခု၊ငွေတံဆိပ် ၅၈ခု၊ ကြေး တံဆိပ် ၆၉ခုဖြင့် ပထမနေရာတွင်ရပ် တည်နေပြီး ဗီယက်နမ်နိုင်ငံက ရွှေ တံဆိပ် ၅၇ခု၊ ငွေတံဆိပ်၃၁ခု၊ ကြေး တံဆိပ် ၅၀ဖြင့်ဒုတိယနေရာတွင် ရပ် တည်နေကာ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၅၅ခု၊ ငွေတံဆိပ်  ၆၂ခု၊ ကြေးတံဆိပ်  ၄၉ခုတို့ဖြင့် တတိယနေရာတွင် ရပ် တည်နေကြောင်း သိရသည်။

Pages