Main menu

Background

Monday, 13 May 2013

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာအုပ်စု ပဲပြစ်တောကျေးရွာမှ တောင်သူများရဲ့ ဆန္ဒအရ လယ်သီးနှံနဲ့ ယာသီးနံှ များစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး သုံးစွဲမှုနည်းစနစ်ဆိုင် ရာ တောင်သူ ပညာပေး သင်တန်းကျောင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မုံရွာခရိုင် ဦးစီးမှူး ဦးထွန်းပေါမြင့် နဲ့ ချောင်းဦး မြို့နယ်ဦးစီးမှု ဒေါ်သန်းလှတို့က ကြီးကြပ်ပြီး အဆို ပါ ကျေးရွာမှာဖွင့်လှစ်ခဲ့ရာ ဒေသခံတောင်သူ ၄၅ ဦး စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ တောင်သူပညာပေး သင်တန်း ကျောင်းကို ဧပြီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ပြီး တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို  ၂ နာရီ စာတွေ့လက်တွေ့ ပို့ချပေးလျက်ရှိရာ မေလ ၂၉  ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တယ်လို့  သိရပါတယ်။ အဆိုပါသင်တန်းမှာ စိုက်ပျိုးရေးဦးစီးမှ ဦးထွန်းပေါ မြင့် ကိုယ်တိုင် သြဂဲနစ် စိုက်ပျိုးရေး စနစ် ဖော် ဆောင်ရာမှာလိုအပ်တဲ့ သြဂဲနစ်၊ မြေသြဇာပြုလုပ် နည်း၊ စိုက်ပျိုးနည်းများကို ပို့ချခဲ့သလို ဌာနစိတ် အလိုက် ပညာရှင်များ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင် သီးနံှ ကာကွယ်ရေး တာဝန်ခံနဲ့ ခရိုင်မြေ အသုံးချ ရေး တာဝန်ခံများမှ ဘာသာရပ်အလိုက် ရှင်းလင်း ပို့ချခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ တောင်သူပညာပေး သင်တန်း ကျောင်း တည်ရာ ချောင်းဦးမြို့နယ် ပဲပြစ်တော ကျေးရွာမှ ယာသီးနံှ၊ နှစ်စဉ်စိုက်ပျိုးမှုအနေနဲ့ ပဲတီစိမ်း ၂၄၀ ဧက၊ ပဲစင်းငုံ ၅၉၈ ဧက၊ အခြားပဲ ၅၁၄ ဧက၊ မြေပဲ ၁၉၆ ဧက၊ နှမ်း ၉၂၇ ဧကနဲ့ ဟင်းသီးဟင်းရွက် ၂၃၃ ဧက၊ ပေါင်းဧက ၂၇၀၈ ရှိရာ ပဲမျိုးစုံသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ဓာတ်မြေသြဇာ စနစ်တကျအသုံးပြုနည်းစနစ်များ၊ သြဂဲနစ်စိုက်ပျိုးရေးနည်းစနစ်နဲ့ ပေါင်းနှိမ်နှင်း နည်း၊ ပေါင်းသတ်ဆေးစနစ်တကျ အသုံးပြုနည်း အပါ အဝင်တောင်သူများလက်တွေ့ရင်ဆိုင်နေရတဲ့ စိုက် ပျိုးမှု အခက်အခဲများကို အပြန်အလှန် ဆွေးနွေး ပို့ချတဲ့ နည်းနဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါ တယ်။ ဒေသခံ တောင်သူများအနေနဲ့ ယာသီးနှံ တစ်ရာသီကို တစ်သီးနှုန်းသာ စိုက်ပျိုးရုံဖြင့် စီးပွားဖူလုံမှု မရှိနိုင်တာကြောင့် ယာနဲ့တွဲဖက်ပြီး၊ ဟင်းသီးဟင်းရွက်များ၊ လဲမှို့၊ သံပုရာ၊ သစ်ဖြူ၊ လျှော်ဖြူပင်စတဲ့ ဝင်ငွေရ နှစ်ရှည်ပင်များ စိုက် ပျိုးရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးများ တွဲဖက် လုပ်ကိုင်ခြင်းနဲ့ မိသားစု ဝင်ငွေကို တိုးမြှင့်စေမှာ ဖြစ်ကြောင်း၊ ခရိုင်ဦးစီးမှုမှ စည်းရုံးရှင်းလင်းခဲ့ရာ ဒေသခံ သင်တန်းသားတောင်သူများမှ ကျေနပ် ဝမ်းမြောက်စွာဖြင့် လက်တွေ့ စိုက်ပျိုးဆောင်ရွက် လျက် ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ
 

Monday, 13 May 2013

မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး ဦးအောင်ဇံဟာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင် ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးသူ၊ သက်ဆိုင် ရာ ဒေသလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများလိုက်ပါပြီး၊ မေလ ၄ ရက်က မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ လှည်းကူးမကျေး ရွာရှိ လက်ရက်ကန်းလုပ်ငန်းရှင် ၁၀၆ ဦးနဲ့တွေ့ဆုံ ပြီး ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သောလုပ်ငန်း ပံ့ပိုးချေးငွေများ ထုတ်ချေးနိုင်ရေး၊ နည်းပညာနဲ့ဈေးကွက် ရရှိရေး ကိစ္စရပ်များနဲ့ ပတ်သက်လို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ တင်ပြချက်များအား ဝန်ကြီးမှ အသေး စိတ် ပြန်လည်ေ ဆွးနွေး ခဲ့ပါတယ်။ ဆက် လက်ပြီး ဝန်ကြီးနဲ့အဖွဲ့ဟာ နွားထိုးကြီးမြို့နယ်၊ မိုးကန်ကျေး ရွာ သောက်သုံးကန် တူးဖော်ခြင်း လုပ်ငန်း၊ ဇေဒိတ် ကျေးရွာ စက်ရေတွင်း တူး ဖော်ခြင်းလုပ်ငန်းနဲ့ ကန်နားကျေးရွာ ကန်နား ဆည် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား သွား ရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာလုပ်ငန်း တာဝန် ခံများမှ လုပ်ငန်းဆောင် ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးမှလုပ်ငန်းများ အမြန် ပြီးစီးရေးနဲ့အရည် အသွေး မီ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှုပြုခဲ့ပါတယ်။

မေလ ၅ ရက်နေ့မှာ ဝန်ကြီးနဲ့အတူ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး အရာရှိ ဦးဇေယျာဆွေ၊ သက်ဆိုင်ရာ ဒေသလွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် တံတားဦး မြို့နယ်၊ ရေ ကမိုးကျေးရွာ၊ ထန်းကုလားထိုင်ထုတ်လုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီး၊ လုပ်ငန်းဖွံ့ဖြိုးတိုး တက်ေ စရေး ပံ့ပိုးချေးငွေလိုအပ် ချက်၊ ဈေးကွက်နဲ့နည်းပညာရရှိရေးတင်ပြချက်များ အား ဝန်ကြီးမှ တိုင်းဒေသကြီး အစိုးရအနေနဲ့ အမြန်ဆုံး ကူညီ ဆောင်ရွက်ပေးသွား မှာ ဖြစ် ကြောင်း ပြန်လည်ေ ဆွးနွေးဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးနဲ့အဖွဲ့ဟာ အမရပူရမြို့နယ်၊ ဟင်္သာကျေးရွာရှိ လက်ရက်ကန်းလုပ်ငန်းရှင်များ နဲ့ တွေ့ဆုံပြီး၊ လိုအပ်သောချေးငွေရရှိရေး စီစဉ်ဆောင် ရွက်ပေးသွားမဲ့ အခြေအနေများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသများမှာ သောက်သုံးရေအတွက် စက်ရေတွင်း ၂၃၁ တွင်း၊ ကျေးရွာသုံးရေကန် ၂၀၆ ကန်နဲ့ ဆည်တာတမံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတစ်ခု ဆောင်ရွက် လျက်ရှိရာ ကျေးလက် ဒေသ အသေး စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ငန်းပံ့ပိုးေ ချးငွေ ကျပ် ၁၁၇၂၆ ဒသမ ၇ သိန်း ထုတ်ချေးပေးထားပြီး၊ ၂၀၁၃ ခုနှစ် ဇွန်လဆန်းမှ လုပ်ငန်းပံ့ပိုး ချေးငွေများ ထပ်မံ ထုတ်ချေး ပေးသွားမယ်လို့သိရပါတယ်။ZYS-မန္တလေး
 

Tuesday, 30 Apr 2013

မြောင်းမြမြို့နယ်မှာ သီရိမြင့်မြတ် ကုမ္ပဏီမှ ဘယ်လ်ဂျီယံ အထွက်တိုးစပ်မျိုးစပါးများအား တောင်သူ ၇ ဦး၊ ဧက ၅၀ ကို အကျိုးတူနွေစပါး စိုက်ပျိုးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကျုံဝါးကျေးရွာ ရှိ တောင်သူ ဦးသိန်းဆိုင်ထွန်းရဲ့ လယ်မှာ နွေစပါးရိတ်သိမ်းပွဲ ကျင်းပရာ ခရိုင် စိုက်တိုးမြှင့်၊ မြို့နယ်စိုက်တိုးမြှင့်နဲ့ ကုမ္ပဏီတာဝန် ရှိသူများနဲ့ တောင်သူ ၂၀ ဦးတက်ရောက်ခဲ့ပါတယ်။ နွေစပါးရိတ်သိမ်းရာမှာ (Combine Harvester) ရိတ်သိမ်းေ ချွလှေ့စက်နဲ့ရိတ်သိမ်းခဲ့ပြီး၊ အထွက် တိုးစပါးစပ်မျိုး ဘယ်လ်ဂျီယံ DG-5 မျိုးတစ်ဧက အခြောက်တင်း ၁၇၄ တင်းခန့်ထွက်ရှိလို့ တောင်သူ များစိတ်ဝင်စားလျက်ရှိပြီး၊ သီရိမြင့်မြတ်ကုမ္ပဏီ အနေနဲ့ အကျိုးတူစိုက် ပျိုးသော တောင်သူများကို တစ်ဧကအတွက် အထူးအထွက်တိုး ဘယ်လ်ဂျီယံ စပ်မျိုးစပါး ၇ ကီလို၊ ပုလဲ ၈၀ ကီလို၊ ကွန်ပေါင်း ၈၅ ကီလို၊ ကျောက်မှုန့် ၁၀၀ ကီလို၊ ပိုတက် ၂၀ ကီလို၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ဒီဇယ် ၆ ဂါလန်၊ ရိတ်သိမ်းခ ၁၅၀၀၀ ကျပ်၊ အခမဲ့ ပံ့ပိုးပေး လျက်ရှိကြောင်းနဲ့ တစ်ဧကကို ၅၀၀၀၀ ကျပ် အတိုး မဲ့ ထုတ်ချေးပေး ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အကျိုး တူစိုက်ပျိုးသောတောင်သူများအား တစ်ဧကကို ၇၅ တင်းနှုန်းပေးမယ်လို့ အာမခံခဲ့ပြီး၊ တစ်ဧက တင်း ၂၀၀ ထွက်ရှိပါက တောင်သူသို့ တင်း ၁၀၀ ပြန် လည် ပေးမယ်လို့ သိရပါတယ်။ စပါးအထွက်နှုန်း ကောင်းလို့ တောင်သူများအနေနဲ့ အထူးစိတ်ဝင်စား လျက်ရှိကြောင်း သိရပါတယ်။ စိုးဝင်း-မြောင်းမြ

Tuesday, 30 Apr 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစဖြစ်တဲ့ ဧပြီလတွင် စစ်တွေကူးသန်းရောင်းဝယ်ရေးစခန်းရဲ့ ပထမဆုံးပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးကို စစ်တွေမြို့ကမ်းနားလမ်းရှိ ကုန် သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းခန်းမတွင် ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိ န်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုမ္ပဏီ / ကုန်သည် လုပ်ငန်းရှင်များ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တစ်ဦးတည်းပိုင် ထုတ်ကုန်/ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ် Individual Trading Card (ITC)   ဖြင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော လုပ်ငန်း ရှင်များနှင့် စိတ်ပါဝင်စား သူများမှလည်း အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၄ နာရီ ၃၀ မိနစ်ချိန်တွင် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။                                                                  SWM(စစ်တွေ)

Tuesday, 9 Apr 2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ဆန်စပါးလုပ်ငန်းရှင်အသင်းရဲ့ ပထမအကြိမ်မြောက် နှစ်ပတ်လည်အ သင်းသားစုံညီအစည်းအဝေးကို မတ် ၂၄ ရက်က မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းရုံး  အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်းင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ လားရှိုးမြို့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်နဲ့မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် (ရန်ကုန်) မှ အလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေး ကုန်သည်အသင်းမှ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်များ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်စည်ဒိုင်များမှ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် များ၊ ဒေသခံကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည် လုပ်ငန်းရှင်များနဲ့ အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦး တက်ရောက် ခဲ့ကြပါတယ်။

Tuesday, 9 Apr 2013

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်ဖွင့်၍ ငွေချေးပေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

ပခုက္ကူကုန်စည်ဒိုင်မှာ ယခုနှစ် ကြို ရောင်းကြိုဝယ်စနစ်နဲ့  ရောင်းဝယ်မှု မရှိခြင်းကြောင့် လိမ်လည်မှုမဖြစ်ပေါ် ဘဲ ဈေးကွက်  ပုံမှန်အနေအထားရှိ ကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

ပခုက္ကူကုန်စည်ဒိုင်မှ စိတ်ပါဝင်စားသူ ပွဲစားကုန်သည်များနဲ့ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသေးစားချေးငွေပေးအပ် ပွဲ အခမ်းအနားကို အောင်ပန်းမြို့တော်ခန်းမ မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီး၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကလော မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်သမဝါယမအသင်းချုပ်ဥက္ကဋ္ဌ၊ အသင်းသားများ အပါအဝင် ၁၁၀ ဦး တက်ရောက်ခဲ့ပါတယ်။

Monday, 8 Apr 2013

ကန်ပိုက်တီး ကူးသန်းရောင်းဝယ်ရေးနယ်စခန်း၏ ၃/၂၀၁၃ ကြိမ်မြောက် ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက် ၁၃း၀၀ နာရီ၌ ကန်ပိုက်တီးကူးသန်းရောင်းဝယ် ရေးနယ်စခန်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

Pages